တန့်ယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အေးချမ်းတည်ငြိမ်စွာ ဆက်လက်ဖြေဆို

တန့်ယန်း မတ် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်အား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျောင်းသား/ ကျောင်းသူများ ယနေ့ နံနက် ၉ နာရီမှစတင်၍ ပျော်ရွှင်အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

၂၀၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ တန့်ယန်းစာဖြေဌာန၌ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၁၂)ဦး စာရင်းပေးသွင်းထားရာ အတွဲ(၁)တွင် ကျောင်းသားကျောင်းသူ(၆၀)ဦး၊ အတွဲ(၇)တွင် ကျောင်းသားကျောင်းသူ(၄၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၀၂)ဦး ဝင်ရောက်ဖြေဆိုရာ ၉၁ ဒဿမ ၁၀ ရာခိုင်နှုန်း ရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တာဝန်ရှိသူများ၊ တာဝန်ကျဌာနဆိုင်ရာ အကြီးအကဲများ၊ အတွင်းစည်း/ အပြင်စည်း လုံခြုံရေးအဖွဲ့များ၊ ကျန်းမာရေး၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)