တောင်ဥက္ကလာပမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre)၌ နွေရာသီပန်းချီ သင်တန်းဖွင့်လှစ်သင်ကြား

တောင်ဥက္ကလာပ မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre)၌ ယမန်နေ့မွန်းလွဲ ၂:၀၀ နာရီအချိန်က အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပန်းချီသင်တန်းတွင် ပန်းချီဆရာဝင်းဖေ(အဖျောက်)မှ သင်တန်းစည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ဝင်းထက်ထက်အောင်က ယခုသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ တီထွင်ဖန်တီးတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ပန်းချီသင်တန်းတွင် သင်တန်းနည်းပြ ပန်းချီဆရာဝင်းဖေ(အဖျောက်)မှ အခြေခံပန်းချီရေးဆွဲနည်းများနှင့်အရောင်လေးများအကြောင်းကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ၁၃-၃-၂၀၂၃ရက်နေ့မှ ၁၇-၃-၂၀၂၃ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီမှ ၃:၀၀ နာရီအထိ (အခမဲ့)သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသားဦးရေ စုစုပေါင်း(၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သတင်းရရှိဿည်။

ခင်ဆွေနှင်း(ပြန်/ဆက်)