ကလောမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club မှ စာဖတ်ဝိုင်းကျင်းပ

ကလော မတ် ၁၄

ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌၊ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကြယ်များလွန်လျှင်နှင့် နှလုံးသားအာဟာရ စာစုများစာအုပ်ထဲမှ စာရေးဆရာ အောင်သင်းရေးသားသည့် တွေးခေါ်ရှုမြင်ဉာဏ်နှင့်ယှဉ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များပြောကြားခဲ့ပြီး  Book Club  အဖွဲ့ဝင် မယွန်းထက်ထက်ခြူးက စာရေးဆရာအောင်သင်း ရေးသားသည့် တွေးခေါ် ရှုမြင်ဉာဏ်နှင့်ယှဉ် ခေါင်းစဉ်ထဲမှ အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ရာ စာပေမြတ်နိုးသူ Book Club  အဖွဲ့ဝင်များက မိမိတို့၏ ထင်မြင်ယူဆချက် ထင်မြင်တွေးခေါ်မှုများအား အပြန်အလှန် ဝေဖန်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)