မိုင်းယုမြို့၌ ရှင်ပြုရဟန်းခံအလှူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ

မိုင်းယု မတ် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ရှင်ပြုရဟန်းခံအလှူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် မိုင်းယုမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်မှ ပင့်သံဃာတော်များနှင့် အရှင်သာမဏေ (၁၄)ပါးတို့ကြွရောက်၍ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်မိသားစုများနှင့်စေတနာရှင်အလှူရှင်များက သံဃာ့အသုံးအဆောင်ပစ္စည်းများ၊ ဆွမ်းဆန်များနှင့် လှူဖွယ်ပစ္စည်းအစုစုတို့ကို လောင်းလှူပူဇော်ခဲ့ကြပြီး၊ လှူဒါန်းမှုကုသိုလ်အစုစုတို့အတွက် အနုမောဒနာရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

အားချာ