နမ့်ဆန်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ဖွင့်လှစ်သော အခြေခံအားကစား နည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နမ့်ဆန် မတ် ၁၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချတက် စေရန်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း(၆)မျိုး အခမဲ့သင်ကြားပေးလျက်ရှိရာ  သန်တန်းကာလ(၁၄)ရက်ပြည့်ပြီ ဖြစ်၍ ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က  သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

နွေရာသီအခြေခံအားကစားသင်တန်းအား (၂၄-၂-၂၀၂၃) ရက်နေ့မှ (၁၀-၃-၂၀၂၃)ရက်နေ့အထိ နမ့်ဆန်မြို့ နယ်အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး၊ သင်ကြားပေးသော အားကစားနည်းများမှာ ဘောလုံး၊ ခြင်းလုံး၊ ဘောလီဘော၊ တိုက်ကွန်ဒို၊ စားပွဲတင်တင်းနစ်နှင့် အေရိုးဗစ်အက သင်တန်းများ ဖြစ်ကြောင်းသိရသည်။ အဆိုပါ နွေရာသီ အခြေခံ အားကစား နည်းသင်တန်းအား နံနက်(၇)နာရီအချိန်မှစတင်ကာ ကျောင်းသား/ကျောင်း သူများအား သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျလေ့ကျင့်သင်ကြာပေးလျက် ရှိပြီး၊ ကျောင်းသား/ ကျောင်းသူ (၁၀၀) ဦးခန့် စိတ်ပါဝင်စားစွာ လာရောက်သင်ယူလျက်ရှိကြောင်း မြို့နယ် အားကစားမှူးထံမှ သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းသား/သူများဖြစ်ကြသော ကျောင်းသား/သူ များမှ မိမိသင်ယူတတ်မြောက်ထားသော အားကစားနည်းဖြင့် ကပြဖျော်ဖြေတင်ဆက်ပေးပြီး၊ သင်တန်းသား/သူများအား သင်တန်းဆင်းပွဲအမှတ်တရ ဂုဏ်ပြုမှတ်တမ်းလွှာများကို ကြွရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှပေးအပ်ချီးမြှင့်ပေးကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)