နွေရာသီကျောင်းပိတ်ရက်၌လူငယ်များဖွံဖြိုးတိုးတက်စေရန်အတွက်အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းအားဖွင့်လှစ်မည်

မြောက်ဥက္ကလာပ      မတ်   ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကျောင်းသားလူငယ်များ မှနွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ ကုန်ဆုံးစေရန်၊ သင်တန်းများ(အခမဲ့) တက်ရောက် သင်ကြားနိုင်စေရန်နှင့် လူငယ်များဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ နွေရာသီကျောင်း ပိတ်ရက်များ၌ ကျောင်းသားလူငယ်များ အကျိုးပြုစေမည့် သင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် နွေရာသီ ကျောင်းပိတ်ရက်၌ အလယ်တန်းအဆင့် ကျောင်းသား လူငယ်များအတွက် ရည်ရွယ်ကာ မတ်လ(၁၃)ရက်နေ့မှ မတ်လ(၂၄)ရက်နေ့ အထိမြောက် ဥက္ကလာပ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ အခြေခံပန်း ချီရေးဆွဲနည်းသင်တန်းအား (အခမဲ့)ဖွင့်လှစ်သင်ကြား မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအခြေခံပန်းချီရေးဆွဲနည်း သင်တန်းအား ဆောက်လုပ်ရေးဌာန(အငြိမ်းစား) ဆရာဦးတင်မောင်လတ်မှ နေ့လယ်(၂)နာရီမှ ညနေ(၄)နာရီအထိ ပို့ချပေးမည်ဖြစ်ပြီး စာရင်းပေး ထားသည့် ကျောင်းသားလူငယ်များအပြင် တက်ရောက်လိုသည့် ကျောင်းသားလူငယ်များမှ သက်ဆိုင် ရာဌာနသို့ စာရင်းပေးတက်ရောက်နိုင်ကြောင်းသိရှိရသည်။

မြမြဝင်း(ပြန်/ဆက်)