ရွှေပြည်သာ မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေး (Mask Campaign)ကို ယနေ့နံနက်(၉)နာရီအချိန်တွင် လူစည်ကားရာနေရာများ၊ ကားဂိတ်များနှင့်ကားလေးဂိတ်ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအပြင်သွားလာတိုင်းမဖြစ်မနေ (Mask)တပ်ဆင်ပြီးမှသာသွားလာရေး အသိပညာပေးဆောင်ရွက်ခဲ့ပြီး (Mask)မပါရှိသူများအား (Mask)အခုရေ(၁၀၀၀)ကို ပြည်သူများထံအခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
(Mask Campaign) ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ စုပေါင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ရွှေပြည်သာ)