မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသပ်ရပ်သာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရပ်စောက် မတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရန်နှင့် မြို့သန့်ရှင်း သပ်ရပ်သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းက တောင်ကွက်သစ်ရပ်ကွက်ရှိ အင်းခေါင်းကန် ကန်ပတ်လမ်းတစ်လျှောက်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းခေါင်းကန်သည် ရပ်စောက်မြို့အား အဓိကသောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော ရေထွက်ကန်ကြီးတစ်ခုဖြစ်ပြီး အဆိုပါကန် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ဗထူးတပ်နယ် ကွပ်ကဲမှုအောက်ရှိ ကျောင်း/တပ်ရင်း/တပ်ဖွဲ့များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များပူးပေါင်း၍ အင်အား (၂၈၀) ခန့်ဖြင့် ကန်ပတ်လည်ရှိ ခြုံနွယ်သစ်ပင်အမှိုက်များအား ရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု အခြေအနေများကို ဗထူးတပ်နယ်မှူး ဗိုလ်ချုပ်ကျော်စွာဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာလှပရေးအတွက် စုပေါင်း သန့်ရှင်းရေးအား အပတ်စဉ် (စနေနေ့တိုင်း) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆုမွန်(ရပ်စောက်)