ဆီဆိုင် မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တဘက်ကျေးရွာအုပ်စု၊ ဘန်းနောင်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမော်က သက်မွေးပညာရပ်တွေမှာ တတ်မြောက်အောင်မြင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိကာ မိသားစုဝင်ငွေတိုးတက်စေဖို့ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာ သက်မွေးသင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းတွင် တဘက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတို့အား သင်တန်းကာလ(၁၅)ရက်ကြာ စာတွေ့လက်တွေ့ အခမဲ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)