နေပြည်တော် မတ် ၁၀
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် သင်္ချာစာဘာသာရပ်ကို ဖြေဆိုကြခြင်းဖြစ်သည်။ ဦးစွာစာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။
မန္တလေးတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် သင်္ချာစာဘာသာရပ်ကို ဖြေဆိုကြရာတွင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၀၇၅) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၂.၂ ရာခိုင်နှုန်း၊ နွားထိုးကြီး မြို့နယ်အတွင်းရှိ အ.ထ.က(နွားထိုးကြီး) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၂၇) ဦး၊ ပျက်ကွက် (၄၉) ဦး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၅၇) ဦး၊ ပျက်ကွက်သူ (၈၁) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၀.၃၃ ရာခိုင်နှုန်း၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၀၁၈) ဦး၊ ပျက်ကွက်သူ (၁၄၈) ဦး၊ တောင်သာမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၇၈) ဦး၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၂၇) ဦး၊ ပျက်ကွက် (၄၇) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၉ ရာခိုင်နှုန်း၊ တကောင်းမြို့နယ်အတွင်းရှိ အ.ထ.က(တကောင်း)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၁၈) ဦး၊ ပျက်ကွက်မရှိ၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၀၄) ဦးတို့ ဝင်ရောက်ဖြေဆိုကြသည်။
ယင်းသို့ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ (စနေနေ့) နှင့် ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)တို့ကို ပိတ်ရက်အဖြစ် သတ်မှတ်ထားကာ မတ်လ ၁၃ ရက်နေ့ (တနင်္လာနေ့)တွင် ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။