လားရှိုးမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

လားရှိုး မတ် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ်(၁)မူလတန်းကြိုကျောင်းခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်အေးအေးဝင်းက ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းဆောင်ရွက်မှုများနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ မွေးဖွားသည့်ကလေးငယ်များအား မှတ်ပုံတင်ခြင်း၊ အုပ်ထိန်းခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကျန်းမာရေးဆိုင်ရာအခွင့်အရေးများ စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသော လူမှုဝန်ထမ်း အသိအမှတ်ပြုမူကြိုနှင့် ပရဟိတဂေဟာများမှ တာဝန်ခံများနှင့် ဝန်ထမ်းများက ပြန်လည်မေးမြန်းဆွေးနွေးရာ ခရိုင် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက ကဏ္ဍအလိုက်ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲသို့ လူမှုဝန်ထမ်း အသိအမှတ်ပြု မူကြိုနှင့် ပရဟိတဂေဟာ စုစုပေါင်း(၆၀)မှ တာဝန်ခံများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်