ကော့မှူး မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဒလတပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ် အေးမင်းထွေး၊ အမှတ်(၁)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးမင်းဇော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀နာရီ ၃၀အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဌာနဆိုင်ဆိုင်ရာများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံရာတွင်တိုင်းမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နယ်မြေဒေသလုံခြုံရေး၊ ရုံးလုံခြုံရေး၊ လူပုဂ္ဂိုလ်လုံခြုံရေး မြို့နယ်အတွင်းလုံခြုံရေး၊ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုနေမှု အခြေအနေများအားဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်အမှတ်(၁)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးမင်းဇော်၊ ခရိုင်အဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဒလတပ်နယ်မှူး ဗိုလ်မှူးချုပ် အေးမင်းထွေး၊ အမှတ်(၁)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးမင်းဇော်နှင့် တာဝန်ရှိသူများ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ပြန်/ ဆက်)