လူထုအခြေပြုဗဟိုဌာန (ကော့မှူး)၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီက စာပေ ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များ အတွင်းအား လပ်သောအချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး အမှား/ အမှန်ဝေဖန် ပိုင်းခြားနိုင်စေရေးအတွက် စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းအားကျင်းပရာ Book Club အသင်းမှအဖွဲ့ဝင်ကို လေးစံက စာရေး ဆရာ လင်္ကာရည်ကျော်ရေးသားသည့် သိင်္ဂါအလှည့်စာအုပ်ထဲမှ နေမထိပန်းကလေးစွေးစွေးနီခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဦးမြလင်းက နွေမိုးစင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Club အသင်းမှ အဖွဲ့ဝင်ဒေါ်တင်သန်းက ကြာပန်းအောက်က ရေခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး Book Club အသင်းမှ အဖွဲ့ဝင်ကိုလေးစံက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ကျော်သူရ ‌(ပြန်/ ဆက်)