ဖားကန့် မတ် ၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (ဒုတိယနေ့)ကို ယနေ့ နံနက် ၉ နာရီက အင်္ဂလိပ်စာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြပြီး ဝင်ရောက်ဖြေဆိုသူ ၈၈ ရာခိုင်နှုန်းကျော်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖားကန့်မြို့နယ်တွင် စာစစ်ဌာန (၂)ခု ဖွင့်လှစ်ထားပြီး ဖားကန့်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၅၈၂ ဦးနှင့် ကားမိုင်းမြို့ အထက် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၂၂ ဦး စုစုပေါင်း စာဖြေဆိုသူ (၇၀၄) ဦးရှိပြီး စာဖြေရာခိုင်နှုန်း (၈၈.၃၃)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
မြို့နယ် ပြန်/ဆက်