စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

အမရပူရ မတ် ၉

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နွေရာသီကလေးငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍  စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်လူထုအခြေပြု (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ဦးစီးအရာရှိဒေါ်တဝ်တင်လှက ပြောကြားရာတွင် ယခုကာလသည် ကလေးငယ်များ အားလပ်ချိန်ဖြစ်သည့်အလျောက် ကလေးငယ်များ စာကြည့်တိုက်နှင့် ကင်းကွာမှုမရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားသည်။ ကလေးငယ်များ စာပေစိတ်ဝင်စားလာစေရန်နံရံကပ် စာစောင်များ၊စာအုပ်စာစောင်များကို ပြသပေးခဲ့သည်။ ဆက်လက်ပြီးကလေးငယ်များအတွက် သင်တန်းများကို လည်းဖွင့်လှစ် သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးသီဟ(အမရ)