ချီဖွေ မတ် ၉
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ယနေ့ နံနက် ၉ နာရီက အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ စာစစ် ဌာနတွင် အ-ထ-က (ချီဖွေ) မှ ကျောင်းသား(၁၀) ဦး၊ အ-ထ-က (နိုဇွန်ဘော်)မှ ကျောင်းသား (၂၁) ဦး၊ ပြင်ပဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၉) ဦးရှိပြီး ဝင်ရောက်ဖြေဆိုရန်ပျက်ကွက် ကျောင်းသား (၁) ဦးနှင့် ကျောင်းသူ (၁)ဦးရှိရာ ချီဖွေမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက် ဖြေဆိုမည့် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးအနက် ဝင်ရောက်ဖြေဆိုသူ (၂၈) ဦးရှိကြောင်းနှင့် ဖြေဆိုသည့်ရာခိုင်နှုန်း ၉၃.၃၃ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးရုံးမှ သိရ သည်။
ယော်ကိ(ပြန်/ဆက်)