လဲချားမြို့နယ် (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

လဲချား မတ် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီ အချိန်က ဟောပြောပွဲကျင်းပခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ  ကျောင်းသား/သူ လူငယ်များအနေဖြင့် အနာဂတ်တွင်ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ လမ်းမှား မရောက်ရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် လူငယ်နှင့်ခေါင်းဆောင်မှုအခန်းကဏ္ဍမှ ပြင်းပြသော ဆန္ဒ၊ရည်မှန်းချက်၊ ဝိရိယနှင့်ဇွဲရှိရေး၊ အသိပညာပြည့်ဝမှု စသည့် အကြောင်းအရာများကို ကျောင်းသား/သူလူငယ်များ အသိပညာ ဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)