ဆိပ်ကြီးခနောင်တို မတ် ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖတ်ရှုဆွေးနွေးမည့် စာအုပ် အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္က သိုလ်) ရေးသားသည့် “ စကားနှင်းပွင့်များ” စာအုပ်ထဲမှ “ကိုယ့်အတွက် လုပ်သင့်တာလုပ်ပါ” ခေါင်းစဉ်ပါ အကြောင်းအရာဖြင့် Book Club အသင်းဝင် ဒေါ်ရှုကြည်က ဦးဆောင်ဆွေးနွေးပြီး၊ အဆိုပါ စာအုပ်ထဲမှ “ လိုတာထက်ပိုပြီဆိုရင် မကောင်းပါဘူး” ခေါင်းစဉ်ပါအကြောင်းအရာကို Book Club အသင်းဝင် မမေမြတ်နိုးကလည်းကောင်း မိမိတို့ဖတ်ရှုထားသည့် ခေါင်းစဉ်အလိုက် အသီသီးဖတ်ကြား၍ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေး တတက္သိုလ်) ရေးသားသည့် “စကားနှင်းပွင့်များ”စာအုပ်ထဲမှ အထက်ပါ ခေါင်းစဉ်နှစ်မျိုးဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် မိမိတို့ဘဝမှာ ဘယ်အရာဘဲဖြစ်ဖြစ် လိုတာထက်ပိုပြီး လိုချင်တက်မက်စိတ်၊ ဖြစ်ချစ်တဲ့စိတ်များအား သတိထားရမည်ဖြစ်ကြောင်း၊ ကိုယ်ရရှိတဲ့ အခွင့်အရေးအပေါ်မှာ လောဘကိုချိုးနှိမ်ထားရမည်ဖြစ်ကြောင်း၊ မိမိအတွက်နဲ့ မိမိပတ်ဝန်းကျင်အတွက် ဘာတွေ လုပ်သင့်သလဲ စသည်တို့အား သိရှိအလေးထား ဆောင်ရွက်တတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(ပြန်/ ဆက်)