နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား အားဖြည့်အချိုရည်နှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်

နမ္မတူ မတ် ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား အားဖြည့်အချိုရည်နှင့် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လည် (၁၂)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၏ ဦးဆောင်မှုဖြင့်၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ အရပ်ဘက်အဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူများပူးပေါင်း၍ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား တစ်ဦးလျှင် အားဖြည့်အချိုရည် (၁)ဘူးနှုန်း၊ အာဟာရမုန့် (၂)ထုပ် နှုန်းဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၀၉ဦးတို့အတွက် အားဖြည့်အချိုရည် (၁၀၉) ဘူး၊ အာဟာရမုန့် (၂၁၈)ထုတ်တို့အား ကျောင်းသားကျောင်းသူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ထံက သိရသည်။

လူမော် (ပြန်/ဆက်)