မိုင်းခုတ် မတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာအုပ်ပြပွဲတွင် အများပြည်သူများ စာဖတ်သည့်အလေ့အထများရရှိကာ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ရည်ရွယ်ကာသုတ၊ ရသစာအုပ်များဖြင့် စုံလင်စွာခင်းကျင်းပြသခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးကြောင်းအရာများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ကဏ္ဍအလိုက် စုံလင်စွာပြသပေးခဲ့ရာ ဖိတ်ကြားထားသော ဧည့်သည်တော်များလေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို လစဉ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)