ဟိုပုံး မတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥနှင့် နွားနို့များ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကြက်ဥနှင့် နွာနို့များရောင်းချပေးရာတွင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ တာဝန်ရှိသူများက နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဌာဆိုင်ရာ ဝန်ထမ်းများ စားဝတ်နေရေးတစ်ဖက် တစ်လမ်းမှ အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးကို ရှေးရှု၍ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ကြက်ဥ (၁၇၀၀) လုံးနှင့် နွားနို့ (၂၅) ပိဿာ တန်ဖိုး (၃၂၆၅၀၀) ကျပ်အား သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)