ကြာအင်းဆိပ်ကြီး မတ် ၉
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေး ကျန်းမာရေး စီးပွားရေး လူမှုရေးနှင့် အခြားသော အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်နိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန် မြင့်မားတိုးတက် လာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များဖွ င့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ စနစ်တကျ ငှားရမ်းပေးလျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်း အချိန်က အမှတ်(၅)ရပ်ကွက်ရှိ ဇမိရတနာမြို့မ ဈေးအတွင်းသို့ သွားရောက်ပြီး စာဖတ် စာငှား စာပေဝါသနာရှင် ဈေးသူ ဈေးသားများအား ယခင်က ငှားရမ်း ဖတ်ရှုထားသည့် စာအုပ် စာစောင်များအား ပြန်လည်အပ်နှံစေပြီး ၎င်းတို့ဖတ်ရှု ငှားရမ်းလိုသည့် သုတ ရသ စာအုပ် စာစောင်များအား (၇)ရက် ရက်သတ္တပတ်အကြာ ပြန်လည်၍ စနစ်တကျ အခမဲ့ စနစ်တကျ ပြန်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စာဖတ် စာငှား စာပေဝါသနာရှင် မိဘပြည်သူများအနေဖြင့် လေ့လာဖတ်ရှု ငှားရမ်းလိုပါက အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၉နာရီခွဲအချိန်မှ ညနေ ၄နာရီခွဲအချိန်အထိ လာရောက်လေ့လာနိုင်ပြီး မိမိတို့ဖတ်ရှု ငှားရမ်းလိုသည့် သုတ ရသ စာအုပ် စာစောင်များအား အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)