မချမ်းဘော့၌ လမ်းညွှန်းများ၊ လမ်းအချက်ပြ အမှတ်အသားများဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်ပြသ

မချမ်းဘော့ မတ် ၉

ကချင်ပြည်နယ်၊ ပူဆာအိုခရိုင်၊ မချမ်းဘော့မြို့၌ ပြည်သူများ၊ ကျောင်းသူကျောင်းသားများ ယာဉ်အန္တရာယ်ကာကွယ်ရန်နှင့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများကို သိရှိစေရန်ရည်ရွယ်၍ လမ်းအချက်ပြ အမှတ်အသားများဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် မြို့နယ်လှုပ်ရှားမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်တို့ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသခဲ့ကြောင်း သိရသည်။

အဆိုပါနံရံကပ်စာစောင်တွင် အများပြည်သူများ သိရှိလိုက်နာရမည့် လမ်းညွှန်အမှတ်အသားများ၊ လမ်းအမှတ်အသားများ၊ အချက်ပြအမှတ်အသားများ ဆိုင်ရာများ၊ အန္တရာယ်သတိပေး လမ်းညွှန်းအမှတ်အသားများ၊ သတင်းအချက်အလက် အထောက်အပံ့ ဝန်ဆောင်မှုဆိုင်ရာ လမ်းညွှန်းအမှတ်အသားများ၊ ယာဉ်ရပ်နားခြင်း တားမြစ်မှုဆိုင်ရာ လမ်းညွှန်းအမှတ်အသားများနှင့် မြို့နယ်လှုပ်ရှားမှု မှတ်တမ်းများ၊ လူငယ်ရေးရာ ပြပွဲပြိုင်ပွဲများ ဆောင်ရွက်မှုမှတ်တမ်းများကို အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် စိတ်ဝင်စားဖွယ်ပြသထားကြောင်းသိရသည်။

ယောရွှေနီ(မချမ်းဘော့)