ဖလမ်းမြို့၌ပြည်သူများစိတ်အပန်းဖြေအနားယူနိုင်ရေးရှုခင်းသာ(View Point )ဖွင့်လှစ်ထား

ဖလမ်း မတ် ၉

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူများစိတ်အပန်းဖြေအနားယူနိုင်ရေး ရှုခင်းသာ(View Point )ကို မတ်လမှစတင်၍ဖွင့်လှစ်ထားကြောင်းသိရသည်။

ရှုခင်းသာ (View Point) ဖွင့်လှစ်ထားခြင်းနှင့်ပတ်သက်၍ “ရှုခင်းသာ (View Point) ဖွင့်လှစ်ထား တာတော့ကြာပြီ၊ ဒါပေမယ့် အနားယူအပန်းဖြေနိုင်မယ့်နေရာတွေကို တဖြေးဖြေးချင်းလုပ်ရတာဖြစ်တော့ အကုန်လုံးပြည့်စုံအောင် ချက်ချင်းမလုပ်နိုင်ခဲ့ဘူး၊ အခုတော့ပြီးသွားပြီ၊ ပြည်သူများလွတ်လပ်စွာ စိတ်အပန်းဖြေအနားယူလို့ရမယ့် နေရာတစ်ခုဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

ရှုခင်းသာ (View Point) တွင် လွတ်လပ်ရေးကျောက်တိုင်၊ရိုးရာအိမ်၊အပန်းအနားယူနိုင်မည့် စခန်းငယ်များ၊ ဖလမ်းမြို့နှင့်သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်မည့်နေရာများကို ပြုလုပ်ထားကြောင်း သိရသည်။

အဆိုပါ ရှုခင်းသာ (View Point) သည် ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်တွင်တည်ရှိပြီး သဘာဝရှုခင်းများ ကြည့်ရှုမှတ်တမ်းတင်နိုင်မည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ရဲမြင်အောင်

ဖလမ်းမြို့