ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့စတင်ဖြေဆို

ဒဂုံမြောက် မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြို့နယ်စာစစ်ဌာနဖြစ်သည့် အမှတ် () နှင့် အမှတ် () အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၉၀.၀၁ ရာခိုင်နှုန်းဝင်ရောက် ဖြေဆိုခဲ့ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား ၄၁၄ ဦး၊ ကျောင်းသူ ၄၈၇ ဦး၊ စုစုပေါင်း ၉၀၁ ဦးရှိသည့်အနက် ယနေ့ကျင်းပခဲ့သည့် မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၃၇၆ ဦး၊ ကျောင်းသူ ၄၃၅ ဦး၊ စုစုပေါင်း ၈၁၁ ဦးရှိရာ ဝင်ရောက်ဖြေဆိုမှု ၉.၀၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ကြသည့် မိဘများ လုံခြုံအေးချမ်းမှုရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြို့နယ်စာစစ်ဌာနများဖြစ်သည့် အမှတ် () နှင့် အမှတ် () အခြေခံပညာ အထက်တန်းကျောင်းတို့တွင်လည်း မြို့နယ်ပညာရေးမှူး၏ဦးဆောင်မှု ဆရာ၊ ဆရာမများ၏ ကြီးကြပ်ဆောင်ရွက်ပေးမှုဖြင့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက် ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ