ခမောက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ခမောက်ကြီး မတ် ၈ 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ အ.ထ.က ခမောက်ကြီးကျောင်း စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူများ မြန်မာစာ ဘာသာ ရပ်ကို အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

အ.ထ.ကခမောက်ကြီးစာစစ်ဌာနတွင် စာရင်းရှိဖြေဆိုမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၂ ဦးရှိရာ ယနေ့မြန်မာစာဖြေဆိုသည့်နေ့တွင် ကျောင်းသားကျောင်းသူစုစုပေါင်း  ၂၆ ဦး လာရောက်ဖြေဆိုခဲ့ကြောင်းမှ သိရသည်။ စာမေးပွဲဖြေဆိုတွင် ကျောင်းသား၊ကျောင်းသူများ ဘေးကင်းလုံခြုံ၍ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ကော့သောင်းမြို့နယ်ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဌာနမှဆရာ၊ဆရာမများ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ခမောက်ကြီး (ပြန်/ဆက်)