ဘုတ်ပြင်းမြို့၌ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးနှင့်အကြမ်းဖက်မှုမှ ကာကွယ်သည့်ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ဘုတ်ပြင်း မတ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးနှင့်အကြမ်းဖက်မှုမှ ကာကွယ်သည့်ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်‌နေ့က ဘုတ်ပြင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်အမျိုးသမီးရေး‌ရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မွန်မွန်ခင်က အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း၊ အန္တရာယ်ရှိသော ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများအရ အကြမ်းဖက်ခြင်း၊ နည်းပညာနှင့်စပ်ဆက်သော အကြမ်းဖက်ခြင်း၊ အကြမ်းဖက်မှုများကို ဘယ်လိုတုံ့ပြန်မလဲ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ခရိုင်ဥပဒေရုံးမှ ဦးစီးအရာရှိ ဒေါ်ရတနာအောင်ကိုးက အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်သည့် ဥပဒေများအကြောင်းကို အကျယ်တဝင့် ရှင်းလင်း‌ဟောပြောခဲ့ကြောင်းသိရသည်။

ဟောပြောပွဲသို့ ခရိုင်၊မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ အမျိုးသမီးဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)