တောင်ကြီးမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၀၆၂ ဦး ဝင်ရောက်ဖြေဆို

တောင်ကြီး မတ် ၈

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် စတင်ဖြေဆိုရာ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာန ၆ ခု မှ ကျောင်းသား၊ ကျောင်းသူ ၂၀၆၂ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ တောင်ကြီးမြို့နယ်မှ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းသား၊ကျောင်းသူစုစုပေါင်း ၂၃၀၄ ဦး ရှိပြီး ဝင်ရောက်ဖြေဆိုသူ ၂၀၆၂ ဦးရှိ၍ ရာခိုင်နှုန်းအားဖြင့် ၈၉ ရာခိုင်နှုန်းရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အထက(၁)၊ အထက(၅)၊ အထက (၇)၊ အထက(၁)အေးသာယာ၊ အထက-(တောင်နီ)နှင့် အထက-ရွှေညောင် စာစစ်ဌာနများ၌ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)