သရက်ချောင်း မတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အခြေခံပညာ(အ.ထ.က) သရက်ချောင်းကျောင်း စာစစ်ဌာန၌ (၂၀၂၂–၂၀၂၃) ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ ကျောင်းသား/သူများက ယနေ့နံနက် ၉ နာရီအချိန်မှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြစ် မြန်မာစာ ဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။
သရက်ချောင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စာစစ်ဌာန(၁)ခုသာရှိပြီး ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား/သူ (၈၃)ဦးရှိရာ ယနေ့လာရောက်ဖြေဆိုသူ(၇၅)ဦး၊ ပျက်ကွက်(၈)ဦးရှိခဲ့ကြောင်းနှင့် အဆိုပါစာမေးပွဲကို ယနေ့မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုမည်ဖြစ်ကြောင်းသိရပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ကျောင်းသား/သူများအနေဖြင့် အေးချမ်း ပျော်ရွှင်စွာ ဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး လမ်းညွှန်မှုဖြင့် ဌာနဆိုင်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမွှေးနှင့် ဆရာ၊ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)