ကွန်ဟိန်း မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ယနေ့နံနက်မှ စတင်၍ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း စာစစ်ဌာန (၁) ခုရှိပြီး ဖြေဆိုရန်စာရင်း ပေးသွင်းထားသူ (၃၅) ဦး အနက်မှ မြန်မာစာဘာသာရပ်အား ကျောင်းတွင်း ဖြေဆိုသူ (၁၁)ဦးနှင့် ပြင်ပဖြေဆိုသူ(၂၂)ဦး စုစုပေါင်း ( ၃၃ ) ဦး ရှိကြောင်း၊ ရာခိုင်နှုန်းအနေဖြင့် ( ၉၄.၂၈)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)