ပင်းတယ မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖြေဆိုလျက်ရှိသည်။
အဆိုပါစာမေးပွဲတွင် ပင်းတယမြို့နယ်အနေဖြင့် ကျောင်းသား၊ကျောင်းသူ စာရင်းရှိ စုစုပေါင်း (၅၃၂)ဦးရှိပြီး၊ ယနေ့ဝင်ရောက်ဖြေဆိုသူ (၄၉၈)ဦး၊ ပျက်ကွက်သူ (၃၄)ဦးရှိကြောင်း သိရသည်။
စာမေးပွဲဖြေဆိုသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူနှင့် ကျောင်းဆရာ ဆရာမများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူနှင့် တာဝန်ကျ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ပရဟိတအသင်းဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)