မက်မန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

မက်မန်း မတ် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ (မြန်မာစာ)ကို ဝင်ရောက်ဖြေဆိုလျက်ရှိရာတွင် စာရင်းရှိ ကျား(၆)ဦး၊ မ(၃၀)ဦး စုစုပေါင်း(၃၆)ဦး စာရင်းပေးသွင်းခဲ့ပြီ ကျား(၁)ဦး၊ မ(၃)ဦး ၊ စုစုပေါင်း(၄)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သဖြင့် (ကျား) (၅)ဦး၊ (မ)(၂၇)ဦး ၊ စုစုပေါင်း(၃၂)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါဖြေဆိုသူ(၃၂)ဦးတွင် အတွင်းဖြေ (၂၂)ဦး ၊ အလွတ်ဖြေ (၁၀)ဦးဖြစ်ပြီ မက်မန်းမြို့နယ်တွင် ဖြေဆိုသူ ရာခိုင်နှုန်း၈၈.၈၉ ရာခိုင်နှုန်းရှိကြောင်းလည်း သိရသည်။ အဆိုပါ ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများအား အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မက်မန်းမြို့နယ် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့က ဝန်းရံကူညီပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စောဉမ္မာ(ပြန်/ဆက်)