ပျော်ဘွယ်မြို့နယ်တွင်၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ပျော်ဘွယ် မတ်

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် နာရီက စတင်ကျင်းပလျက်ရှိပြီး သတ်မှတ်စာစစ်ဌာနများတွင် မြန်မာစာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် စာစစ်ဌာန(၆)ခုဖြစ်သည့် အထက(၁)၊ အထက (ယင်းတော်)၊ အထက (ရန်အောင်)၊ အထက(အရှေ့လျှော်ဖြူကုန်း)၊ အထက(တောင်ညောင်ကုန်း)၊ အထက(ရွှေညောင်ဖူး) တို့၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား(၃၉၆)ဦးနှင့် ကျောင်းသူ(၆၅၇)ဦး၊ စုစုပေါင်း (၁၀၅၃)ဦး ရှိပြီး ဖြေဆိုသူ ကျောင်းသား(၃၆၄)ဦးနှင့် ကျောင်းသူ (၆၃၂)ဦး၊ စုစုပေါင်း(၉၉၆)ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက် ကျောင်းသား(၃၂)ဦးနှင့် ကျောင်းသူ (၂၅)ဦး စုစုပေါင်း(၅၇)ဦးရှိကြောင်း‌ မြို့နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများပူးပေါင်း၍ အတွင်းအစည်း၊ အပြင်စည်းလုံခြုံရေး တာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)