ဝိုင်းမော်မြို့နယ်၌ စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း (၇၅) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး

ဝိုင်းမော် မတ် 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ စက်မူ၊စိုက်ပျိုးနှင့်မွေးမြူရေး အထက်တန်းကျောင်းကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းတွင်ဆောင်လုပ်ရာ၌ (၇၅) ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးကြောင်းသိရှိရပါသည်။

အဆိုပါ စက်မှု၊စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းကို အလျား(၁၁၈)ပေ၊ အနံ(၉၆)ပေ၊ RCC တစ်ထပ်အဆောက်အဦဖြစ်ပြီး ယင်းကျောင်းကို ရွှေနန်းတော်ဝင်(မြန်မာ) ကုမ္ပဏီက ငွေကျပ်သိန်းပေါင်း (၄၅၁.၇၉၀) ဖြင့် တာဝန်ယူဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

၎င်းကျောင်းတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ တက္ကသိုလ်စာမေးပွဲမအောင်မြင်သော ကျောင်းသူကျောင်းသားများ၊ ဒေသအတွင်းလူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်း တက်ရောက်နိုင်ရေးအတွက်စက်မူ၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းကို ဆောက်လုပ်ခြင်းဖြစ်ပြီး အဆို‌ပါကျောင်းကို ယခုလအတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် စက်မူလက်မူ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များကို အဓိကသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။

ဖြူစင် (ဝိုင်းမော်)