ကျောက်မဲ မတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မွန်းလွှဲ (၁၂)နာရီအချိန်က အိမ်သုံးဆပ်ပြာဆီ ပြုလုပ်နည်း သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အိမ်သုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်မြတ်ဝါက မိသားစု တပိုင်တနိုင် လုပ်ငန်းများမှတဆင့် အပိုဝင်ငွေရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်စေရန်၊ ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးကုန်ကြမှု သက်သာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်။ ယင်းနောက် ဆပ်ပြာဆီ ဖော်စပ်မည့်ပစ္စည်းများ၏ အကျိုးအာနိသင်နှင့် ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အိမ်သုံးဆပ်ပြာဆီ ပြုလုပ်ပုံ၊ ပြုလုပ်နည်းအဆင့်ဆင့်ကို ပြုလုပ်ပြသရာ သင်တန်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ ကိုယ်တိုင်ပါဝင် လက်တွေ့ပြုလုပ်ဆောင်ရွက်ကြကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ အိမ်သုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို့ သင်တန်းသား/သူများ(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်(ပြန်/ဆက်)