သိန္နီမြို့နယ် နောင်အွန်ကျေးရွာတွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးထားသော စံပြစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး

သိန္နီ မတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာအုပ်စု နောင်အွန်ကျေးရွာတွင် ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးထားသော သီးနှံစံပြစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေး၊ ပြည်နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ (မြေ/ မျိုး/ပိုင်) တာဝန်ရှိသူများက ဆိုလာစနစ်ဖြင့် ချောင်းရေတင် စိုက်ပျိုးထားရှိသော ဆောင်းနေကြာ (၁၀)ဧက စံပြစိုက်ခင်း၊ အစေ့ထုတ်ပြောင်း၊ ပဲပုတ်၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားသည့် (၃၀)ဧက စိုက်ခင်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသိန်းထိုက်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရာဇာအောင်တို့က လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ တာဝန်ရှိသူများ လုပ်ငန်းလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)