ကွန်ဟိန်းမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၃၅)ဦး ဝင်ရောက်ဖြေဆိုမည်

ကွန်ဟိန်း မတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အ-ထ-က(ကွန်ဟိန်း) စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၅) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်တွင် အ-ထ-က(ကွန်ဟိန်း) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူ အတွဲ(၁) ဖြေဆိုသူပေါင်း (၁၂)ဦး၊ အတွဲ (၂) ဖြေဆိုသူပေါင်း(၁၃)ဦး၊ အတွဲ(၇)ဖြေဆိုသူပေါင်း(၁၀)ဦး၊ ကျောင်းတွင်း ဖြေဆိုသူ(၁၁)ဦးနှင့် ကျောင်းပြင်ပဖြေဆိုသူ (၂၄)ဦး စုစုပေါင်း(၃၅)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး မှသိရသည်။

မြို့နယ်(ပြန်/ဆက်)