ကန့်ဘလူမြို့ အ.ထ.က (၁)စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်ထားရှိမှုနှင့် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေး

ကန့်ဘလူ မတ် ၇

တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အ.ထ.က() စာစစ်ဌာန၌ စာဖြေခန်းများ ပြင်ဆင်ထားရှိမှုတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် အ.ထ.က ()စာစစ်ဌာနရှိ စာဖြေခန်းများ၊ ကျန်းမာရေးခန်း၊ သန့်စင်ခန်း၊ အဝင်အထွက်ဂိတ် ပြင်ဆင်ထားရှိမှုများ၊ ကျောင်းအပြင်စည်း အတွင်းစည်း လုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာန လေးခုရှိပြီး ကျောင်းသား၊ ကျောင်းသူ (၉၃၆)ဦး ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)