သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် အိမ်တွင်း အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲကျင်းပ

သရက်ချောင်း   မတ်    ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက ဂျန်ဒါအခြေပြု အကြမ်းဖက်မှုအကြောင်းကို နားလည်ရန်၊ အမျိုးသမီးများ၏ ဖြစ်တည်မှုကို နားလည်လက်ခံပြီး ပုံစံခွက်အမြင်များ အကြမ်းဖက်မှုကို လျော့ချရန်၊ အကြမ်းဖက်မှုကင်းပြီး ငြိမ်းချမ်းသာယာသော လူမှုဝန်းကျင်တစ်ခုဖြစ်လာစေရန်၊ အကြမ်းဖက်မှု၏ နောက်ဆက်တွဲပြသနာများကို နားလည်ပြီး လျော့ချရေးလုပ်ငန်းများတွင် ပါဝင်လာစေရန်၊ မိမိမှတဆင့် မိမိပတ်ဝန်းကျင်တွင် အပြောအဆို အပြုအမူများ၊ အတွေးအခေါ်များ ပြောင်းလဲလာပြီး လက်တွ့ကျင့်သုံးစေရရန် ရည်ရွယ်၍ အမျိုးသမီးများအပေါ် စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးထမ်းအရအကြမ်းဖက်ခြင်း၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း အကြောင်း၊ အကြမ်းဖက်မှု၏ နောက်ဆက်တွဲဆိုးကျိုးများအကြောင်း၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွား စေရန်အတွက် အသိပညာပေး(Talk Show) အစီအစဉ်များကို လစဉ်ရိုက်ကူး၍ Online page မှတစ်ဆင့် ထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)