မိုးညှင်းမြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ (၂/၂၀၂၃)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုးညှင်း မတ် ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၂/၂၀၂၃)လ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က ဝန်ထမ်းများလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ရာတွင် သတိဝိရိယဖြင့် သွားလာနိုင်ရေး၊ ရုံးလုံခြုံရေး မိမိလုံခြုံရေး ဂရုပြုကြရန်၊  မိုင်းသတိ မိုင်းအသိ အထူးဂရုပြုကြရန်၊ ဆေးရုံအဆောက်အဦအသစ် တည်ဆောက်နေမှု အခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးပေးနိုင်ရေး၊ လျှပ်စစ်မီး ခြွေတာသုံးစွဲနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လုံခြုံရေး ဆောင်ရွက်နိုင်ရေး၊ အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၊ အဖိုးတန်သတ္တု ရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်မှတ်ပုံတင်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး တို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းဆောင်ရွက်ရမည့် အခြေအနေများကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပူးပေါင်းပါဝင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း