ကွန်ဟိန်း မတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှု စသည့် မီးဘေးအန္တရာယ်များ မဖြစ်ပွားဘဲ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်က အထက စာစစ်ဌာန အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများက စာစစ်ဌာနအတွင်းရှိ စာဖြေအဆောင်များနှင့် အခန်းများအလိုက် မီးဘေးလုံခြုံရေး စစ်ဆေးပေးခြင်း ၊ မီးသတ် ဆေးဗူး များစစ်ဆေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းထားမှု အခြေအနေများစစ်ဆေးခြင်း၊ မီးသတ် ရေကန်၊မီးချိတ်၊မီးကပ်ထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးကြောင်း သိရသည်။
ကွန်ဟိန်း (ပြန်/ဆက်)