ကျောက်တန်းမြို့နယ်၊ လူတုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်

ကျောက်တန်း မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဒုတိယဦးစီးမှူးဒေါ်အိသန္တာချို လူငယ်တွေအတွက် ပညာရေးဟာအဓိက ရည်မှန်းချက်ဖြစ်ပါကြောင်း၊ လောကနီတိတွင် လူငယ်တစ်ယောက်ရဲ့ဘဝအား သုံးပိုင်းခွဲခြားထားပြီး ပထမအရွယ်မှာပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားဘာဝနာရှာဆိုပြီး ညွှန်းဆိုထားကြောင်း၊ ပညာဆိုရာမှာ စာပေသာမက အသိပညာအတက်ပညာ အနုပညာအသက်မွေးဝမ်းကြောင်းပညာ ကိန်းကဏန်းဆိုင်ရာ အတွက်အချက်ပညာ စီမံခန့်ခွဲမှုပညာဥပဒေပညာဆေးပညာ အရောင်းအဝယ်ကုန်သွယ်ပညာစသည်ဖြင့် ပညာရပ်အမျိုးမျိုးရှိပါကြောင်းနှင့် စာတက်ဖို့သာမက ပညာတက်ဖို့ပါကြိုးစားသင့်ကြောင်း လူငယ်နဲ့စာရိတ္တဆိုင်ရာ အကြောင်းအရာ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေးဆိုင်ရာအကြောင်းအရာများအား ဗဟုသုတရဖွယ်အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ကျောက်တန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်များ၊ သင်တန်းများစသည့်တို့ကို လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)