နမ္မတူမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပန်ဟိုက်မူလတန်းကြိုကျောင်း၏ ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနား ကျင်းပ

နမ္မတူ မတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပန်ဟိုက်မူလတန်းကြိုကျောင်း၏ ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို မတ်လ(၅)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပန်ဟိုက်မူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရှေ့ဦးစွာပန်ဟိုက်မူလတန်းကြိုကျောင်း ကျောင်းအမှုဆောင်ကော်မတီဥက္ကဌ ဒေါ်သိန်းသိန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအမှုဆောင် ကော်မတီနာယက ဒေါ်စမ်းသွင်က ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ခုနှစ်တွင် တက်ရောက်သင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူ(၁၃)ဦးအား ပန်ဟိုက်မူလတန်းကြိုကျောင်းတာဝန်ခံ ဒေါ်စန္ဒာဦးနှင့် တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုလက်မှတ်နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

လူမော်(ပြန်/ဆက်)