မိုးနဲမြို့နယ်၌ နွေရာသီ Myanmar Fitness Dance သင်တန်းဖွင့်

မိုးနဲ မတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲနှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် နွေရာသီ Myanmar Fitness Dance သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်က သင်တန်းဖွင့် အမှာစကားနှင့် သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို နည်ပြဆရာမ (၃) ဦးက သင်တန်းသူ ၅၀ ဦးကို ရက်သတ္တပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး Myanmar Fitness Dance သင်ကြားပေးနေမှုအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)