မြစ်သား မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြစ်သား (အ.ထ.က) တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာမေးပွဲကြီးကြပ်ရေးမှူး ဒေါ်မြင့်မြင့်စန်းက စာမေးပွဲကျင်းပချိန်တွင် ထမ်းဆောင်ရမည့် တာဝန်များကို ကြိုတင်သိရှိနိုင်ရန်၊ စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နိုင်ရန်၊ မိမိတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် ကြိုတင်အသိပေးပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေပြီး စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရန် ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့ပြီးထားသည့်အတွက် မိမိတို့တာဝန်ယူရမည့် လုပ်ငန်းများအပေါ် ဝိုင်းဝန်းအကြံပြု ပြောကြားစေလိုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို အသေးစိတ် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအစည်းအဝေးသို့ မြစ်သားမြို့နယ်အတွင်းရှိ ကြီးကြပ်ရေးမှူးများအပါအဝင် ဆရာ၊ ဆရာမ (၄၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)