စိုက်ပျိုးရေးများပေးဝေနေသည့် ငပြောင်မြောင်းမှ ပျက်စီးနေသည့် ရေမြှင့်အဆောက်အအုံ(၃)ခုအား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် မတ်   ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေများ ပေးဝေနေသည့် ငပြောင်မြောင်းမှ ပျက်စီးနေသည့် ရေမြှင့်အဆောက်အအုံ(၃)ခုအား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။  

အဆိုပါ ရေမြင့်အဆောက်အအုံများသည်  ငမြောင်မြောင်း၏ ပေတိုင်အမှတ် ၉-၃၆+၁၀၀ နှင့် ၄၃+၀၀၀ အတွင်း၊ ရှမ်းတောင်ဦးကျေးရွာအနီးတွင် တည်ရှိပြီး​ မြောင်းကြမ်းခင်းအမြင့်သည် အနိမ့် အမြင့်ကွာခြားချက်များပြီး ရေစီးအလျင်ကို ထိန်းသိမ်းရန်နှင့် မြောင်း၏ ဝဲ/ယာများရှိ တိုက်ရိုက်ရေပေးပြွန်များ အတွင်းသို့ လိုအပ်သည့်ရေပမာဏ ဝင်ရောက်နိုင်ရန်အတွက် ရေကျအဆောက်အအုံများအား ပြန်လည်ပြုပြင်ရခြင်းဖြစ်ကြောင်း၊ ပြင်ဆင်သည့်လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေ (၂၁.၀၀၀)ကျပ်သန်းဖြင့် အလျား(၄၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၈.၅)ပေ၊ အဆောက်အအုံ(၂)ခုနှင့် အလျား (၄၀)ပေ၊ အကျယ်(၁၀) အမြင့်(၁၀)ပေ၊ အဆောက်အအုံ(၁)ခု စုစုပေါင်းရေမြှင့်အဆောက်အအုံ(၃)ခု ဖြစ်ကြောင်း သိရှိရသည်။

ရေမြှင့်အဆောက်အအုံများ ပြန်လည်ပြုပြင်ပေးသဖြင့် မြောင်း၏ပေတိုင်အမှတ်(-၃၆+၁၀၀)နှင့် (၄၃+၀၀၀)အတွင်းရှိ သီးနှံမျိုးစုံစိုက်ဧက (၁၀၀)ဧကအား စိုက်ပျိုးရေများပေးဝေရာတွင် လွယ်ကူစွာ ပေးဝေနိုင်မည်ဖြစ်ပြီး တူးမြောင်း၏မြောင်းဘောင်ရေတိုက်စားခြင်းများမှလည်း ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေများ ပေးဝေရာတွင် ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါပြီး သီနှံများအောင်မြင်သည်အထိ စိုက်ပျိုးရေများ ညီညွှတ်မျှတစွာ ပေးဝေနိုင်ရေး ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ရမည့် မြောင်းများ၊ ပြွန်များနှင့် ရေကျအဆောက်အအုံများ၊ မြောင်းရေလျှံထွက်ပေါက်များနှင့် မြောင်းကြမ်းပြင်များအား ပြန်လည်တူးဖော် ပြုပြင်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)