ကျောက်ဆည် မတ် ၆
ကျောင်းသား/ကျောင်းသူများ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာဗဟုသုများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာခွဲက သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပကို ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သဘာဘေးအန္တရာယ်များ အကြောင်းနှင့် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအပါအဝင် မိသားစုဝင်များ ငလျင်ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေး၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကြုံတွေ့လာပါက လိုက်နာရမည့်အချက်များအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက တော်မီးလောင်ခြင်းများနှင့် မီးခိုးမြူငွေ့များကြောင့် အသက်ရ ှုလမ်းကြေုာင်းနှင့် နှလုံးဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကမ္ဘာကြီးသာယာလှပစိုပြည်ရေးနှင့် လေထုသန့်ရှင်းမှုများ ရရှိစေရန်အတွက် ကျောင်းသား လူငယ်များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်သွားကြရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပြီး အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ (၂၆)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
သက်မောင် ခရိုင်(ပြန်/ဆက်)