တပေါင်းလပြည့်‌နေ့တွင် ရွှေသင်္ကန်း၊ ပန်း၊ ဆီမီး၊ အလှူတော်ငွေ ဆက်ကပ်လှူဒါန်းကြသူများဖြင့် စည်ကား

မိုင်းရှူး မတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ ဟံသာမုနိဘုရားကြီးကျောင်း၌ ရွှေသင်္ကန်း၊ ပန်း၊ ဆီမီး၊ အလှူတော်ငွေ ဆက်ကပ်လှူဒါန်းမှုများဖြင့် တပေါင်းလပြည့်နေ့တွင် စည်ကားလျက်ရှိသည်။

မိုင်းရှူးမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့တွင် ဟံသာမုနိဘုရားကြီးကျောင်းသို့ နံနက်(၅)နာရီမှစ၍ ဆွမ်းချိုင့်၊ ဆွမ်းတော်၊ ပန်း၊ ဆီမီးနှင့် ကျောင်းတော်အတွက် အလှူတော်ငွေဆက်ကပ်လှူဒါန်းကြပြီး နံနက်ပိုင်းမှညပိုင်းထိ မြို့တွင်းတွင်သွားလာကြသူများ စည်ကားလျက်ရှိကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)