လဲချား မတ် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ရာတွင် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသူရိန်ဦးဆောင်၍ ဝန်ထမ်းများမှ လဲချားမြို့နယ် အမှတ်(၄)ရက်ကွက်၊ အနော်ရထာလမ်းတွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လျှပ်စစ်မီတာများ စနစ်တကျသုံးစွဲမှုရှိစေရန် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)