မိုင်းယောင်း မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင် ခန်းမတွင် ယမန်နေ့က မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးကျော်မင်းဆွေနှင့် မိုင်းယောင်းမြို့မစခန်းမှူး ဒုတိယရဲမှူးစိုးမိုးတို့က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း၊ မူးယစ်းဆေးဝါးလက်ဝယ်ထားရှိမှု ရောင်းဝယ်မှုနှင့်ပတ်သက်သည့် ဥပဒေ အကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ကျခံရမည့်ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို ဆွေးနွေးမေးမြန်းကြပြီး ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။
စိုင်းအောင်ဇော်လင်း